မြင်းမူ စက်တင်ဘာ ၂
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူအများစုသည် ယခုအခါ မိရိုးဖလာသီးနှံ စိုက်ပျိုးခြင်းအပြင် စားဖိုချောင်သုံးအရွက်ဖြစ်သော ဂွေးတောက်ပင်များကို စီးပွားဖြစ် စိုက်ပျိုးလျက်ရှိလာ ကြောင်း သိရှိရသည်။
ဂွေးတောက်ရွက်ကို ယခုအခါ ပြည်သူအများစုစားသုံးလာခြင်းနှင့်အတူ စားသောက်ဆိုင်ကြီးများ ကဝယ် ယူကာ အသုံးပြုလာသည့်အတွက် ဈေးကွက်ကောင်းလျှက်ရှိကြောင်း၊ ပုံမှန်ဈေးတော့ မရှိကြောင်း အနည်းဆုံး(၁)ပိသာလျှင် (၃၀၀၀)မှ(၅၀၀၀)ဈေးရှိကြောင်း၊ဆောင်းရာသီတွင် ဂွေးတောက်ရွက်(၁)ပိသာ လျှင်ငွေကျပ် (၁၀၀၀၀) ဈေးအထိ ရရှိကြောင်း၊ စိုက်ပျိုးပြီးရက် (၉၀)ရောက်ချိန်တွင် စတင်ခူးယူ ရောင်းချနိုင်ကြောင်း၊ ရာသီမရွေးစိုက်ပျိုးနိုင်သည့် အပင်မျိုးဖြစ်သော်လည်း ရေချိုပေးနိုင်ရန် လိုအပ် ကြောင်း မြင်းမူမြို့နယ်၊ အလ္လကပ္ပကျေးရွာအနီး ဂွေးတောက်ပင်များ စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်နေသူ ဦးတင်မျိုးနိုင်ထံမှ သိရှိရသည်။
ဂွေးတောက်ပင် (၁) ဧက စိုက်ပျိုးရန် မျိုးစေ့ (၁) ပြည်လိုအပ်ပြီး ပင်ကြား (၁) ပေ၊ ဘောင်ကြား (၂) ပေ ထားရှိ စိုက်ပျိုးပါက အပင်(၂၀၀၀၀)ကျော်စိုက်ပျိုးနိုင်ကြောင်း၊ အပင်များကို အကွက်ကျ အတန်းလိုက် ထား၍ ခူးယူရောင်းချခြင်းဖြင့် မိသားစုဝင်ငွေကို ပုံမှန်ရရှိစေနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)