မော်လမြိုင်မြို့နယ်တွင် ရွေးကောက်ပွဲ၌ ဝင်ရောက်အရွေးခံမည့် လွှတ်တော်ကိုယ်စားလှယ် လောင်းများ၏ အမည်စာရင်များ ကပ်ထားကြေညာ

မော်လမြိုင် စက်တင်ဘာ ၂

မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် ဝင်ရောက်အရွေးခံမည့် လွှတ်တော်ကိုယ်စားလှယ် လောင်းများ၏ အမည်စာရင်းများကို ဩဂုတ် ၃၀ ရက်နေ့မှစတင်ကာ ကပ်ထား ကြေညာ ထားကြောင်းသိရသည်။

၂၀၂၀ ပြည်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် မော်လမြိုင်မြို့နယ်မှ ဝင် ရောက်အရွေးခံမည့် လွှတ်တော်ကိုယ်စားလှယ်ဦးရေမှာ ပြည်သူ့လွှတ်တော်တွင် ၆ ဦး၊ အမျိုး သားလွှတ် တော်မဲဆန္ဒနယ်အမှတ်(၄)တွင် ၅ ဦး၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၅)တွင် ၆ ဦး၊ ပြည်နယ် လွှတ်တော်မဲဆန္ဒနယ်အမှတ်(၁)တွင် ၈ ဦး၊ ပြည်နယ် လွှတ်တော် မဲဆန္ဒနယ်အမှတ်(၂)တွင် ၆ ဦး၊ ပြည် နယ်လွှတ်တော် ပအိုဝ်းတိုင်းရင်းသား လူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်း ၈ ဦး၊ ကရင်တိုင်းရင်းသား လူမျိုးလွှတ်တော် ကိုယ်စား လှယ်လောင်း ၈ ဦးနှင့် ဗမာတိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ် လောင်း ၇ ဦး စုစုပေါင်း ၅၄ ဦး ဝင်ရောက်အရွေးခံသွားမည်ဖြစ်ကြောင်းသိရသည်။

၂၀၂၀ ပြည်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် မော်လမြိုင်မြို့နယ်၌ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူ နှစ်သိန်း သုံးသောင်းကျော်ရှိပြီး မဲရုံ(၁၁၉) လျာထား ဆောင်ရွက်ထား ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ခရိုင်(ပြန်/ဆက်)