မြဝတီ စက်တင်ဘာ ၂
ကရင်ပြည်နယ်၊ မြဝတီမြို့၌ မြဝတီခရိုင် ပြည်သူ့ဆေးရုံကြီးမှဆောင်ရွက်ပေးမည့် ဝန်ဆောင်မှုလုပ်ငန်းများပါရှိသည့်လက်ကမ်းစာစောင်ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် ယနေ့နံနက် ၁၀ နာရီအချိန်က မြဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြဝတီခရိုင်ဆေးရုံကြီးအနေဖြင့် ဝန်ဆောင်မှုပေးသွားမည့် ကိုယ်ဝန်ဆောင်မိခင်စောင့်ရှောက်မှုလုပ်ငန်း၊ ငါးနှစ်အောက်ကလေးစောင့်ရှောက်မှုလုပ်ငန်း၊ HIVနှင့်ARTလုပ်ငန်း၊ အနာကြီးရောဂါကာကွယ်ကုသခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ သိကောင်းစရာများအား အဆိုပါ လက်ကမ်းစာစောင်တွင် ထည့်သွင်းဖော်ပြထားခြင်း ဖြစ်သည်။
ထိုသို့ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းဖြင့် မြဝတီမြို့နယ်အတွင်းရှိ ပြည်သူများကျန်းမာရေးဆိုင်ရာကိစ္စရပ်များအတွက် မြဝတီခရိုင်ဆေးရုံကြီးသို့ လျင်မြန်လွယ်ကူစွာဖြင့် လာရောက်ကုသနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
မန်းသန်းရွှေမြင့်(ပြန်/ဆက်)