ဘိုကလေးမြို့နယ် တမံချောင်းကျေးရွာနှင့် ခြံချောင်းကျေးရွာ ချောင်းကူး ကွန်ကရစ်တံတား တည်ဆောက် နေမှုအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ဘိုကလေး  စက်တင်ဘာ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ တမံချောင်းကျေးရွာနှင့် ခြံချောင်းကျေးရွာ ချောင်းကူး ကွန်ကရစ်တံတားအား ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိရာ တည်ဆောက်နေမှု အခြေအနေများအား ယမန်နေ့ မွန်းလွဲ နာရီ အချိန်ခန့်တွင် တာဝန်ရှိိသူများမှ ကွင်းဆင်း စိစစ်ခဲ့ကြသည်။

ကွင်းဆင်းစိစစ်ရာတွင် မြို့နယ် ကျေးလက်လမ်းတံတား ဦးစီးမှူး ဒေါ်အေးအေးမွန်နှင့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးရဲလင်းထက်တို့မှ တမံချောင်းကျေးရွာနှင့် ခြံချောင်းကျေးရွာ ချောင်းကူး ကွန်ကရစ်တံတားအား အရည်အသွေးပြည့်မီစွာ တည်ဆောက်နိုင်ရေး၊ တိကျမြန်ဆန်စွာဖြင့် တည်ဆောက်နိုင်ရေး တို့အတွက် ကွင်းဆင်းစိစစ်ရခြင်း ဖြစ်ကြောင်း၊ အဆိုပါ တံတားအား ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ကျေးရွာကော်မတီမှ တာဝန်ယူ တည်ဆောက် လျက်ရှိကြောင်း သိရသည်။

ဘိုကလေးမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဗိုလ်ချုပ်အောင်ဆန်းလမ်း (ဆင်းသီရိလမ်းနှင့် ရွှေသွယ်ရင်လမ်းကြား) ကွန်ကရစ်ခင်းခြင်းနှင့် ရေဆင်းမြောင်းများ တည်ဆောက်ခြင်းလုပ်ငန်း၊ တမံချောင်း ကျေးရွာနှင့် ခြံချောင်းကျေးရွာ ချောင်းကူး ကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်း၊ တင်းကုတ်ကြီးကျေးရွာ ချောင်းကူးကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်း၊ ရွာတန်းရှည် ကျေးရွာ-ကံစုကျေးရွာနှင့် ဖျာပုံ-ဘိုကလေး ကားလမ်းကူး သံကူကွန် ကရစ်တံတား တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)