လသာ စက်တင်ဘာ ၂
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်အတွင်းရှိ ပြည်သူများကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် မြို့နယ် အတွင်းရှိ လူစည်ကားရာ နေရာများဖြစ်သည့် ဈေးနှင့် ဘတ်စ်ကား မှတ်တိုင်များတွင် Mask တပ်ဆင် သွားလာစေရန် သိပညာပေး ခြင်း လုပ်ငန်း အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်း၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဝန်ထမ်းများက နှာခေါင်းစည်း မတပ်ဆင်သူများအား အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း လိုအပ်သူများအား နှာခေါင်းစည်းများ ဝေငှပေးခြင်း၊ အပြင်ထွက်သည့်အခါ စျေးရောင်း စျေးဝယ်ပြုလုပ်သည့် အခါတိုင်း နှာခေါင်းစည်း တပ်ဆင်ကြရန်၊ လူစုလူဝေးနေရာများကို မလိုအပ်ဘဲ သွားလာခြင်း မပြုရန် စသည်တို့ကိုလည်း Hand Speaker များနှင့် ပြည်သူများ သိရှိနိုင်စေရန်အတွက် ကြေညာပေး ခြင်း များ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မေသူ(ပြန်/ဆက်)