မိုင်းယု စက်တင်ဘာ ၂
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင် မိုင်းယုမြို့ရှိ မွေးကင်းစမှ အသက်တစ်နှစ်ခွဲထိ ကလေးငယ်များအား ပုံမှန်ပိုလီယိုကာကွယ်ဆေး ထိုး/တိုက်ကျွေးခြင်းကို ယနေ့ နံနက် ၇ နာရီက ပြည်သူ့ဆေးရုံ၌ တိုက်ကျွေး/ ထိုးနှံပေးခဲ့သည်။
အဆိုပါ တိုက်ကျွေး/ထိုးနှံခြင်းကို ဝမ်တာကြန့်ကျေးရွာနှင့် ဒွန်းနွဲ့ကျေးရွာအုပ်စုရှိ ကျေးလက် ကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်ဖြူဖြူဝင်းနှင့် ဒေါ်ဝေဝေလွင်တို့က မြို့ပေါ်နှင့် ကျေးရွာများရှိ အသက် တစ်နှစ်အောက် ကလေးငယ် ၃၂ ဉီးကို ဘီစီဂျီ၊ အသည်းရောင် အသားဝါ (ဘီ)၊ ပိုလီယို၊ ပြင်းထန် အဆုတ်ရောင်(ပီစီဗီ)၊ ဆုံဆို့-ကြက်ညှာ-မေးခိုင်၊ ဦးနှောက်အမြှေးရောင်( ငါးမျိုးစပ်ကာကွယ်ဆေး၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်-ဂျိုက်သိုး စသည့် ကာကွယ်ဆေးများအား တိုက်ကျွေး/ထိုးနှံပေးခြင်းနှင့် ကိုယ်ဝန်ဆောင် မိခင်(၉)ဦးတို့ကို မေးခိုင် ကာကွယ်ဆေး ပထမအကြိမ်နှင့် ဒုတိယအကြိမ်ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။
ကိုကိုနိုင်(မိုင်းယု)