တီးတိန်၌ နှာခေါင်းစည်း ၃၅၀၀ ကျော်အခမဲ့ဖြန့်ဝေ

တီးတိန် စက်တင်ဘာ ၂

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းမှ စတင်၍ တီးတိန်မြို့နယ် ကိုဗစ်-၁၉ ရောဂါ တုံ့ပြန်ကာကွယ်ရေး အဖွဲ့ဦးဆောင်မှုဖြင့် ပြည်သူများထံသို့ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါနှာခေါင်းစည်း ပြန်လည်လျှော်ဖွတ် ဝတ်ဆင်ရသည့် ပိတ်စနှာခေါင်းစည်းများဖြစ်ပြီး ဒိန်းမတ်နိုင်ငံမှ လှူဒါန်းခြင်း ဖြစ်သည်။

ထိုသို့ဖြန့်ဝေရာတွင် တီးတိန်မြို့ လူငယ်စေတနာ့ ဝန်ထမ်း (Volunteer) အဖွဲ့မှ တာဝန်ယူပြီး ပြည်သူများ ထံသို့ နှာခေါင်းစည်း ၃၅၀၀ ကျော်အား အခမဲ့ ဖြန့်ဝေပေးခဲ့ခြင်းဖြစ်ကြောင်း လူငယ်အဖွဲ့ခေါင်းဆောင် ဦးထောင်းရှန်းတုန်း ထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)