မိုင်းပန်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

မိုင်းပန် ဖေဖော်ဝါရီ ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးမှူးအဖွဲ့ဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို မြို့နယ်ဘောလုံးကွင်း၌ ယနေ့နံနက် ၈ နာရီက ယှဉ်ပြိုင်ခဲ့ကြပြီးနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို မြို့နယ်အားကစားခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

အဆိုပါ မြို့နယ်စီမံအုပ်ချုပ်ရေးမှူးအဖွဲ့ဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲတွင် မိုင်းပန်တပ်နယ်အသင်းနှင့်  Chit Lu Mike FC အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြရာ မိုင်းပန်တပ်နယ်အသင်းက Chit Lu Mike FC အသင်းအား (၃)ဂိုး (၂)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ဖူဆယ်ဘောလုံးကစားသမားအသင်းနှင့် အသင်းသားများအား ပထမဆု၊ ဒုတိယဆု၊ အကောင်းဆုံးကစားသမားဆု၊ အကောင်းဆုံးဂိုးသမားဆုနှင့် အသန့်ရှင်းဆုံးဆုများအား အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)