ဆေးဝါးတက္ကသိုလ်(မန္တလေး)၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြို မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ကျင်းပ

အမရပူရ ဖေဖော်ဝါရီ ၉

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြိုအဖြစ် အမရပူရမြို့နယ်ရှိ ဆေးဝါးတက္ကသိုလ်(မန္တလေး)၌ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယမန်နေ့   နာရီက အဆိုပါတက္ကသိုလ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲတွင် ပါမောက္ခချုပ်၊ ပါမောက္ခ ဒေါက်တာ သိန်းမေစော(အငြိမ်းစား)က အဖွင့်ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ဆေးဝါးတက္ကသိုလ်မှ ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်​​ဆေးဝါးဖော်၊ တတိယနှစ်ပရဆေး၊ စတုထ္တနှစ်နှင့် ရုံးဝန်ထမ်းများအသင်းတို့၏ ယှဉ်ပြိုင်မှုကို ပါမောက္ခချုပ်၊ ပါမောက္ခဒေါက်တာသိန်းမေစော(အငြိမ်းစား)နှင့် ဆေးတက္ကသိုလ်(မန္တလေး)မှ ပါမောက္ခချုပ်၊ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်များက ကြည့်ရှုအားပေး အမှတ်ပေးခဲ့ကြသည်။

ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရုံးဝန်ထမ်းများအသင်း၊ ဒုတိယဆုရရှိသည့် တတိယနှစ် ဆေးဝါးဖော်စပ်အသင်း၊  တတိယဆုရရှိသည့် တတိယနှစ်ပရဆေးအသင်းတို့အား ပါမောက္ခချုပ်၊ ပါမောက္ခဒေါက်တာသိန်းမေစော(အငြိမ်းစား)နှင့် တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ ထမနဲထိုးပြိုင်ပွဲတွင် ဆရာ၊ ဆရာမ၊ ဝန်ထမ်း ၈၀ ဦးနှင့် ကျောင်းသား၊ ကျောင်းသူ ၃၃၄ ဦး ပါဝင်ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

စိုးသီဟ(အမရ)