မိုးကောင်း ဖေဖော်ဝါရီ ၉
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ (Community Centre)ခန်းမ၌ ဇွဲ(ပညာရေး)နှင့် အခြားကလောင်ရှင်များရေးသားသည့် “သုံးနားညီတြိဂံ”စာအုပ်ဖြင့် ယမန်နေ့ နေ့လယ်(၁)နာရီတွင် စာဖတ်ဝိုင်းကျင်းပခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းသို့ Book Club အသင်းဝင်များတက်ရောက်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အိအိဖြိုးက အဆိုပါ “သုံးနားညီတြိဂံ”စာအုပ်မှ လူငယ်ရေးရာအသိပညာပေးဆိုင်ရာနှင့်ပတ်သက်၍ဦးဆောင်ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ စာဖတ်ဝိုင်းတွင် Book Club အသင်းဝင် မောင်မင်းမင်းထွန်းက “လူငယ်နှင့်အကျင့်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မချစ်သုဝေက “အနာဂတ်ရဲ့လမ်း(သို့မဟုတ်)တိုင်းပြည်မျက်လုံး”ခေါင်းစဉ်ဖြင့်လည်းကောင်း ဖတ်ကြားပြီး တက်ရောက်လာသူများနှင့်အတူ “စိတ်ကိုအလှဆင်ခြင်း၊ လူတစ်ဦးအတွက် ခက်ခဲသောအကျင့်စရိုက်ကောင်းခြင်း၊ ဆိုးခြင်း၊ စာရေးခြင်း၊ စာဖတ်ခြင်း” စသည့်အကြောင်းအရာပါ ကဏ္ဍအသီးသီးဖြင့် ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)