မင်းလှမြို့နယ်တွင် ပါတီစုံဒီမိုက‌ရေစီ အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း ကြေညာ

အထက်မင်းလှ စက်တင်ဘာ ၂

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုက ရေစီအ ထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများ ကို ဩဂုတ်လ(၃၁)ရက် နေ့မှစတင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးနှင့် မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု   ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာ ထားကြောင်း သိရသည်။

မင်းလှမြို့နယ်တွင် ပြည်သူ့လွှတ်တော်‌ နေရာအတွက်ကိုယ်စားလှယ်လောင်း  ၅ ဦး၊ အမျိုးသား လွှတ်တော်ကိုယ်‌ နေရာအတွက် စားလှယ်လောင်း  ၄  ဦး၊ တိုင်းဒေသကြီးလွှတ်တော် အမှတ်(၁) မဲဆန္ဒနယ် နေရာအတွက် ကိုယ်စားလှယ်လာင်း  ၆ ဦး၊ တိုင်းဒေသကြီး လွှတ်တော်အမှတ် (၂)မဲဆန္ဒနယ် နေရာအတွက် ကိုယ်စားလှယ်လောင်း  ၆  ဦး၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် (ချင်းတိုင်းရင်း သားလူမျိုး) နေရာအတွက် ကိုယ်စားလှယ်လောင်း  ၁၁  ဦး ဝင် ရောက် ယှဉ်ပြိုင် ရွေးချယ်ခံမည် ဖြစ်သည်။

အဆိုပါ လွှတ်တော်နေရာများတွင်ပါတီ  ၉  ပါတီတို့မှကိုယ်စားလှယ် လောင်း ၃၂  ဦး၏ အမည်စာရင်း ကြေညာချက် ပုံစံ(၁၀)နှင့်ပုံစံ(၁၀-က)များကို မင်းလှမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးနှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများတွင်ကပ်ထား ကြေညာထားကြောင်း သိရသည်။

 ဇာဇာ(အထက်မင်းလှ)