ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၌ နေရပ်ပြန်ပြည်သူများအား ထားရှိရန် Facility Quarantine Centre အဖြစ် အသုံးပြုနိုင်ရေး သူနာပြုနှီးနွယ် သင်တန်းကျောင်းအား ကွင်းဆင်းကြည့်ရှု

ဒဂုံ(အရှေ့) စက်တင်ဘာ ၂

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုတားဆီး၊  ကာကွယ်၊ ထိန်းချုပ်ရေးအတွက် မြို့နယ်အတွင်း ပြန်လည်ဝင်ရောက်လာသော နေရပ်ပြန်ပြည်သူများ အား သူနာပြုနှီးနွယ် သင်တန်းကျောင်းတွင်  Facility Quarantine Centre အဖြစ် ထားရှိပြီး  အဆင်ပြေ ချောမွေ့စွာ နေထိုင်နိုင်ရေး အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေကျော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းထိုက်၊ ဒေါက်တာလဲ့လဲ့ဝင်း ဦးဆောင်သော မြို့နယ်မှ တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက အဆိုပါ ကျောင်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရ သည်။

မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက်  နေရပ် ပြန်ပြည်သူများအား ထားရှိ ရန် Facility Quarantine Centre အဖြစ် အသုံးပြုမည့် သူနာပြုနှီးနွယ် သင်တန်း ကျောင်း၌ နှာခေါင်းစည်း(Mask)များ၊ (Hand Gel) နှင့် လက်ဆေးဘေးစင်များထားရှိမှု၊ သန့်စင်ခန်းများ သန့်ရှင်းမှု၊ ရေရရှိမှု၊ မီးရရှိမှု၊ အခန်းများအတွင်း လေဝင်လေထွက် ကောင်းမွန်မှု ကျန်းမာရေးစစ်ဆေးပေးခြင်း အခန်းသန့်ရှင်း ရေး၊ ကုတင်နှင့် အိပ်ယာခင်း ဆောင်ရွက်ထားရှိမှု၊ ပိုးသတ်ဆေးဖျန်းခြင်းနှင့် လေဝင် လေထွက် ကောင်းမွန်ခြင်းရှိ /မရှိ အခြေအနေများကို တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရ သည်။

လှလှထွေး(ပြန်/ဆက်)