ဂန့်ဂေါ စက်တင်ဘာ ၂
ဂန့်ဂေါခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနကကြီးမှူး၍ ဂန့်ဂေါခရိုင်ရုံး နှင့် ဂန့်ဂေါမြို့နယ်ရုံး တို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများအတွက် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနရုံးရှေ့၌ ယမန်နေ့ ညနေပိုင်းက အခြေခံစားကုန်များ ထောက်ပံ့ပေးအပ်သည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် တစ်ဦးလျင် ဆန် ၁၂ ပြည်၊ ဆီ ၁ ပိဿာ စီတို့ကို ပေးအပ်ထောက်ပံ့ခြင်း ဖြစ်ပြီး ဝန်ထမ်းသက်သာချောင်ချိရေးအတွက် စိုက်ပျိုးထားသည့်စိုက်ခင်းမှထွက်ရှိသော ချဉ်ပေါင်ရွက်၊ ရုံးပတီ သီး၊ ကန်ဇွန်းရွက်၊ ပဲသီးတို့လည်းပါဝင်ကြောင်း သိရသည်။
အဆိုပါ ပေးအပ်ထောက်ပံ့ခြင်းနှင့်စပ်လျဉ်း၍ “ ၂၀၁၉ ခုနှစ် ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှား အားကစားလုပ်ငန်း ဆောင်ရွက်မှုမှာ ဂန့်ဂေါခရိုင်က ဆုရရှိပါတယ်၊ ဆုရရှိတဲ့ငွေနဲ့ ဆန်၊ ဆီ၊ ဝယ်ပြီး ဂန့်ဂေါမြို့မှာ တာဝန်ထမ်းဆောင်ကြတဲ့ ဌာန ဝန်ထမ်းများကို ကိုဗစ် - ၁၉ ကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်နေတဲ့ကာလမှာ စားသောက်ရေးအဆင်ပြေစေရန် အခမဲ့ထောက်ပံ့ပေးတာဖြစ်ပါတယ်” ဟု ခရိုင်အားကစားနှင့်ကာယပညာ ဦးစီးဌာနမှူး ဦးဇော်ဝင်းကို က ပြောသည်။
တောင်သားမောင်သန်း