မင်္ဂလာဒုံမြို့နယ် ကိုဗစ်-၁၉ ​ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မင်္ဂလာဒုံ  စက်တင်ဘာ

ရန်ကုန်မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီလုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်သာသနာ့ဗိမာန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ် ကိုဗစ် - ၁၉ ရောဂါ ကော်မတီ ဥက္ကဋ္ဌ ဦးဇော်လင်းက  ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာန၏ အမိန့်အမှတ် (၁၀၀/ ၂၀၂၀) ကြေငြာချက်အပေါ် မင်္ဂလာဒုံမြို့နယ်ရှိ  ပြည်သူများအနေဖြင့်  မိမိနေအိမ်တွင် လိုက်နာနေထိုင်စေရေး၊ အိမ်အပြင် ထွက်တိုင်းနှာခေါင်းစည်း များတပ်ဆင် စေရေး အသိပညာပေးခြင်းများကို  ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊  စေတနာ့ဝန်ထမ်းများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်းရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့်  မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက မြို့နယ်အတွင်း ပြည်ပနိုင်ငံများမှ ပြန်လည် ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများနှင့် ဓာတ်ခွဲ အတည်ပြုလူနာများနှင့် အတူနေထိုင်သူများအား Quarantine  ဆောင်ရွက်ထားရှိမှုအခြေအနေများအား ပြန်လည် ရှင်းလင်း ပြောကြား ခဲ့ကြောင်း သိရသည်။

ဇင်ငြိမ်း(ပြန်/ဆက်)