နွားထိုးကြီး၊ စက်တင်ဘာ ၃
နွားထိုးကြီးမြို့နယ်၊ ဆောက်လုပ်ရေးရုံးအနီး၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ ဒုရဲအုပ် ပြည့်ဖြိုးထွန်းက သက်သေများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ မြင်းခြံ-ရေဝန်းသွားကာလမ်း မိုင်တိုင် (၂၀/၂ နှင့် ၂၀/၃၃) ကြား ဆောက်လုပ်ရေးရုံးအနီး၌ ယမန်နေ့ည ၈ နာရီ အချိန်ခန့်တွင် အရှေ့ဘက်မှအနောက်ဘက်သို့ မောင်းနှင်လာသော MDY 1p/----နံပါတ်ပါ Chenglong အမျိုးအစား အဖြူရောင်ယာဉ်သည် အရှိန် လွန်၍ လမ်း၏ယာဘက်ခြမ်းသို့ ထိုးကျတိမ်းမှောက်သဖြင့် ယာဉ်အားမဆင်မခြင်မောင်းနှင်သူ ယဉ်မောင်း ဦး--- အား နွားထိုးကြီးမြို့၊ မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သန်းအောင်ဇော်