မင်္ဂလာဒုံ စက်တင်ဘာ ၃
ရန်ကုန်မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ရောဂါမှ ကာကွယ်နိုင်ရန်နှင့် ရောဂါပျံ့ပွားမှု မရှိစေ ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီသို့ နှာခေါင်းစည်း ( ၁၀၀၀) ကို အလှူရှင်က မြို့နယ်သာသနာ့ဗိမာန်၌ ယနေ့ နံနက်(၁၁)နာရီ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ နှာခေါင်းစည်းများအား HT. LT လျှပ်စစ်ပစ္စည်းကုမ္ပဏီမှ ဦးသန့်ဇင်နှင့် ဝန်ထမ်းများက လာရောက်လှူဒါန်းခဲ့ရာ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကော်မတီအဖွဲ့မှ လက်ခံ ရယူခဲ့ကြောင်းသိရသည်။
ဇင်ငြိမ်း(ပြန်/ဆက်)