ရွာသစ်မြို့တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းမှမွေးဖွားလာသော(၂)နှစ်အောက် ကလေးငယ်များ အား ထောက်ပံ့ငွေများ ပေးအပ်

ရွာသစ် စက်တင်ဘာ ၃

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းမှ မွေးဖွားလာသော (၂)နှစ်အောက် ကလေး ငယ်များအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက စတုမာလာဓမ္မာရုံတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပေးအပ်ရာတွင် တောင်ပိုင်း ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစံငြိမ်းမှ ကိုယ်ဝန်ဆောင် မိခင်နှင့် ၎င်းမှမွေးဖွားလာသော (၂)နှစ်အောက် ကလေးငယ်များအား တတိယ(၃)လပတ်နှင့် စတုတ္ထ(၃) လပတ်အတွက် တစ်ဦးလျှင်(၉၀၀၀၀/-)ကျပ်၊ စုစုပေါင်း(၃၂)ဦး အတွက် ငွေကျပ် (၂,၇၄၅,၀၀၀)ကျပ် တိတိအား လက်ဝယ်အရောက် ပေးအပ်ခဲ့ပြီး COVID-19 ရောဂါ ကူးစက် ပြန့်ပွားမှုမရှိစေရေး ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်နှင့်အညီ ထောက်ပံ့ ပေးခဲ့ကြောင်း သိရသည်။

နန်းဆွေဆွေအေး(ပြန်/ဆက်)