သတင်းများ

ဂန့်ဂေါမြို့ အစိုးရ စက်မှုလက်မှု သိပ္ပံကျောင်းမှာ ထားရှိသည့် နေရပ်ပြန်များအတွက် အလှူရှင်များ လာရောက် လှူဒါန်း
Sep 03,2020
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့ အစိုးရစက်မှုလက်မှုသိပ္ပံတွင် နေရပ်ပြန်(၃၂)ဦးအတွက် စား သောက်ရေး အဆင်ပြေစေရန် ယမန်နေ့မွန်းလွဲပိုင်းအချိန်က အလှူရှင်များလာရောက်လှူဒါန်းကြောင်း ကျွေးမွေးမှုကော်မတီထံမှ သိရသည်။
ချောက်မြို့နယ်၊‌ ဂွေးပင်ကျေးရွာတွင် ပြင်ပသွားလာရာ၌ နှာခေါင်းစည်း Mask တပ်ဆင်ခြင်း ရှိ၊ မရှိ စစ်ဆေးဆောင်ရွက်
Sep 03,2020
မ‌ကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊‌ ဂွေးပင်ကျေးရွာ၊ စည်ပင်သာယာ‌ဈေးနှင့်လမ်းမပေါ်တို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ပြည်သူများပြင်ပသို့ သွားလာရာ၌ နှာခေါင်းစည်း Mask များ စနစ်တကျတပ်ဆင်သွားလာစေရန်အတွက် Mask တပ်ဆင်ခြင်း ရှိ၊ မရှိ စစ်ဆေးခြင်းကို ယမန်နေ့နံနက် (၉)နာရီအချိန်က စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လက်ပံတန်းမြို့နယ် အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု ၂၈၁၂၉စုအတွက် စတုတ္ထအကြိမ် ထောက်ပံ့ငွေပေးအပ်
Sep 03,2020
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင်ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစား အိမ်ထောင်စုပေါင်း ၂၈၁၂၉ စုအတွက် ထောက်ပံ့ငွေ ကျပ်သိန်း (၅၆၂၅၈၀၀၀၀) ကို စတုတ္ထအကြိမ် အဖြစ်ထောက်ပံ့ငွေများကို
ထန်းတပင်မြို့နယ်၌ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Sep 03,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
သာကေတမြို့နယ် အတွင်းရှိ ရပ်ကွက်များ၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ချက်များအား လှည့်လည် ကြေညာပေး
Sep 03,2020
ပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရခြင်းမှ ကာကွယ်နိုင်စေရန်အတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပညာပေးခြင်းနှိုးဆော်ချက်များအား ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်အတွင်းရှိ ရပ်ကွက်ပေါင်း(၁၉)ရပ်ကွက်တွင် ညစဉ်လှည့်လည် ကြေညာပေးခြင်း များကို မြို့နယ်အုပ်ချုပ်ရေးမှူး၏ ကြီးကြပ်မှုဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆောင်ရွက်ပေး လျက်ရှိပါသည်။
တောင်တွင်းကြီးမြို့နယ်တွင် ၂၀၁၉-၂၀၂၀ တိုင်း‌‌ဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် ရသာရုံ မြောင်းအား ပြန်လည်ပြင်ဆင်ဆောင်ရွက်
Sep 03,2020
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ၂၀၁၉-၂၀၂၀ တိုင်းဒေသကြီး ခွင့်ပြု ရန်ပုံငွေဖြင့် ရသာရုံမြောင်းအား ပြန်လည်ပြင်ဆင် တူးဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ၅၀% ခန့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ငါးသိုင်းချောင်းမြို့၌ နေအိမ်ပြင်ပထွက်ခွာတိုင်း နှာခေါင်းစည်း (Mask) မဖြစ်မနေ တပ်ဆင်ရေး အတွက် “ယခုဝယ်၊ ယခုတပ်” စနစ်ဆောင်ရွက်
Sep 03,2020
ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နေအိမ်ပြင်ပသို့ထွက်ခွာတိုင်း (Mask) နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ဆက်သွယ်သွားလာစေရေး စစ်ဆေးခြင်းနှင့် နှာခေါင်းစည်း မတပ်ဆင်သူများကို (Mask)နှာခေါင်းစည်း (၃)ခုလျှင် ငွေ(၃၀၀၀) ကျပ်နှုန်းဖြင့် ယခုဝယ်၊ ယခုတပ် အစီအစဉ်ကို မြို့တွင်း၊ မြို့ပြင် နေရာအနှံ့အပြား၌ ဩဂုတ်လ ၃၁ ရက်နေ့မှစတင်၍ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။