ကမာရွတ် စက်တင်ဘာ ၂
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ လတ်တလော အခြေအနေအရ ကူးစက်ပြန့်ပွားမှု ပိုမိုများပြားလာသည့်အတွက် မိမိတို့မြို့နယ်အတွင်း ကူးစက် ပြန့်ပွားမှုမရှိစေရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများ စေတနာ့ဝန်ထမ်းများ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များက ဝိုင်းဝန်း ကာကွယ် ထိန်းသိမ်းပေးကြရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများ မြို့နယ်ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များနှင့်အတူ မြို့နယ်အတွင်း ပြည်ပနိုင်ငံများမှ ပြန်လည် ဝင်ရောက်လာသည့် နေရပ်ပြန် ပြည်သူများ၏ ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။
စိမ်းလဲ့(ပြန်/ဆက်)