ပလောက် စက်တင်ဘာ ၂
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့ တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ပုလောမြို့နယ် ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒရှင်အမှတ် (၁၀)၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ်များစာရင်းကို ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ယမန်နေ့မှစတင်၍ ကပ်ထားကြေညာထားရှိကြောင်း သိရသည်။
ပုလောမြို့နယ်၊ ပလောက်မြို့အတွင်း ဝင်ရောက်ယှဉ်ပြိုင်ရွေးချယ်ကြမည့် လွှတ်တော်ကိုယ်စားလှယ်နေရာများမှာ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် (၆) ဦး၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် (၁၀)တွင် (၄) ဦး၊ တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ် အမှတ်(၂) တွင် (၉) ဦး၊ တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ် (ကရင်တိုင်းရင်းသားလူမျိုး) များ (၇) ဦး၊ စုစုပေါင်း ကိုယ်စားလှယ်လောင်း (၂၆) ဦးစာရင်းအား ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာထားရှိကြောင်း သိရသည်။
နှင်းမြူလွင်