ပေါင်းတည်မြို့နယ် သဖန်းကုန်းသုဓမ္မာကျောင်း၏ ပညာဒါန ကွန်ပျူတာသင်တန်း(တတိယ)အကြိမ်မြောက် သင်တန်းဆင်းလက်မှတ် ပေးအပ်ပွဲကျင်းပ

ပေါင်းတည် စက်တင်ဘာ ၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် သဖန်းကုန်းဖြေဆည်ရာ ဆရာတော်မှ ဦးဆောင်မှုဖြင့် ဖွင့်လှစ်ခဲ့သည့် ပညာ ဒါန ကွန်ပျူတာသင်တန်း(တတိယ)အကြိမ်မြောက် သင်တန်းဆင်း လက်မှတ် ပေးအပ်ပွဲအခမ်း အနားကို ယနေ့ နံနက် ၉ နာရီက သဖန်းကုန်းသုဓမ္မာကျောင်းတိုက် ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားအား နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး သင်တန်းနည်းပြ သဖန်း ကုန်းဖြေဆည် ရာ ဆရာတော်မှ သင်တန်းဆင်း အမှာစကား မိန့်ကြားတော်မူသည်။ ထို့နောက် တာဝန်ခံ ဆရာတော်နှင့် ဂေါပကအဖွဲ့ဝင်များက သင်တန်းသား၊ သင်တန်းသူ (၆)ဦးအား သင်တန်းဆင်းလက်မှတ် ပေးအပ်ချီးမြှင့်ပြီး သင်တန်းဆရာမ မသဲစုမွန်အား ဖြေဆည်ရာဆရာတော်၏ ကိုယ်စားအတွင်းရေးမှူး ဦးဝင်းချိုမှ ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်သည်။ အဆိုပါသင်တန်းတွင် ကွန်ပျူတာဘာသာရပ်အား အခြေခံမှစ၍ ဘာသာရပ်(၆)ခုအား အချိန်နှစ်လ ကြာ သင်ကြားပို့ချပေးခဲ့ကြောင်း တာဝန်ခံဆရာတော်ထံမှ သိရှိရသည်။

တင်ဝင်းဇော် (မင်းသားကြီး)