နမ္မတူမြို့နယ်၌ ချိတ်ဆက်ပေါင်းစပ်ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နမ္မတူ  စက်တင်ဘာ ၂

စိမ်းလန်းဘဝ လူမှုဖွံ့ဖြိုးမှုအဖွဲ့ (GLAD)နှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ချိတ်ဆက်ပေါင်းစပ်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပခဲ့သည်။

လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးရာဇာလင်း က အမှာစကား ပြောကြားပြီး၊ စိမ်းလန်းဘဝ လူမှု ဖွံ့ဖြိုးမှုအဖွဲ့ (GLAD)မှ ဥက္ကဋ္ဌ ဦးအောင်ဇော်ဝင်းက ဒေသခံများ ဘေးအန္တရာယ် ဆိုင်ရာ များနှင့် ရင်ဆိုင်ရာတွင် သက်ဆိုင်ရာ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းအားဖြင့် ပိုမိုလုံခြုံသည့် လူမှုဘဝကို တည်ဆောက်နေထိုင် သွားနိုင်ရန်အတွက် သက်ဆိုင်ရာ ဌာနများဖြင့် ဆွေးနွေးညှိနှိုင်း တိုင်ပင်နိုင်ရန် ရည်ရွယ်၍ ချိတ်ဆက် ပေါင်းစပ်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

ယင်းနောက် တက်ရောက်လာသည့် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝဏ္ဏထွန်းအေး၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ ဦးစီးဌာမှူးရုံးမှ လဝကမှူး ဦးထွန်းထွန်းဝင်း၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ဇာထွန်း၊ မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်ယုဝေခိုင်နှင့် မြို့နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနရုံးမှ တာဝန်ခံ ဒေါ်မြတ်သူနှင်းတို့က မိမိတို့ဌာနအလိုက် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များအား ရှင်းလင်း ပြောကြားခဲ့ရာ စိမ်းလန်းဘဝ လူမှု ဖွံ့ဖြိုးမှုအဖွဲ့ (GLAD)မှ ကျေးရွာစီမံကိန်းမန်နေဂျာ (၁၉) ဦး တက်ရောက်ခဲ့ပြီး ကျေးရွာလူထုအခြေပြု ငြိမ်းချမ်းရေး အထောက်အကူပြု လုပ်ငန်းစဉ်များအား အကောင်အထည်ဖော်  ချိတ်ဆက်ပေါင်းစပ်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)