စမ်းချောင်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအဘိတ်ဆေးခတ်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Aug 04,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၊ စမ်းချောင်း/မြောက်ရပ်ကွက်အတွင်းတွင် ယနေ့၊ နံနက်(၉)နာရီအချိန်က မိုးရာသီတွင် အများဆုံးဖြစ်ပွားသော သွေးလွန်တုပ်ကွေးရောဂါမှ ကာကွယ်နိုင် ရန် ရည်ရွယ်၍ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းမှ အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်ကျန်းမာမှ ဝန်ထမ်းများ နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်း၍ အဘိတ်ဆေး ခတ်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။