သတင်းများ

ပုသိမ်မြို့ ကုလဝိသေသီ သီလရှင် စာသင်တိုက်သို့ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် အလှူရှင်များက ဆွမ်းဆန်နှင့်လှူဖွယ်များ လောင်းလှူ
Sep 03,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်နှင့် ဇနီးဒေါ်လဲ့လဲ့ဆွေ ၊ ဒုတိယ ဥက္ကဋ္ဌ ဦးစန်းထွေးနှင့် ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ စိုးဝင်းနှင့် ဇနီး၊ ဦးသိန်းအောင်နှင့် ဇနီး ဒေါ်ဥမ္မာခင် (ဆရာမကြီး ဒေါ်စောကြည်ကြည်၊ ပုသိမ်တက္ကသိုလ် မြန်မာစာဌာန ကထိက(ငြိမ်း) သပြေဆောင် အဆောင်မှူး ကွယ်လွန်ခြင်း ၆ နှစ်ပြည့်နှင့် လွှတ်တော်ရုံး ဝန်ထမ်းများ စုပေါင်း၍ ဆွမ်းဆန်တော် ၊ ဆီ နှင့် အခြား လှူဖွယ် ပစ္စည်းအစုစုတို့ကို ယမန်နေ့ ဝါခေါင်လပြည့် (မေတ္တာအခါတော်နေ့) ညနေ ၃ နာရီက ပုသိမ်မြို့မဟာဗန္ဓုလလမ်း ကုလဝိသေသီ သီလရှင်စာသင် တိုက်၌ လောင်းလှူ ခဲ့ကြသည်။
စလင်းမြို့၌ နေအိမ်ပြင်ပထွက်ခွာသူတိုင်း ပါးစပ်နှာခေါင်းစည်း တပ်ဆင်ရေး အရှိန် အဟုန်မြှင့် ဆောင်ရွက်
Sep 03,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ပြည်သူများနေအိမ် ပြင်ပသို့ သွားလာရာတွင် ပါးစပ်နှာခေါင်းစည်း တပ်ဆင်သွားလာစေရန်အတွက် နံနက်(၇) နာရီမှ (၁၁) နာရီထိ စလင်းမြို့ဈေးမရပ်ကွက် ဗိုလ်ချုပ်ကြေးရုပ်ပန်းခြံအနီးတွင် အသိပညာပေးပြီး တစ်ခုဝယ်တစ်ခု ဒဏ်ရိုက်စနစ်ဖြင့် စစ်ဆေးဆောင်ရွက် လျက်ရှိသည်။
ထန်တလန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် နှာခေါင်းစည်း (Mask) တပ်ဆင်ရေးလှုပ်ရှားမှုများ စဉ်ဆက်မပြတ်ဆောင်ရွက်
Sep 03,2020
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးအတွက် တာဝန်ရှိသူများက နှာခေါင်းစည်း (mask) တပ်ဆင်ရေး လှုပ်ရှားမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီက လူစည်ကားနေရာဖြစ်သော ဗိုလ်ချုပ်လမ်းမကြီး တစ်လျှောက်တွင် လမ်းသွားလမ်းလာခရီးသွားပြည်သူများကို မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ မြို့တွင်းလှည့်လည် စိစစ်ရေးကော်မတီမှ တာဝန်ရှိသူများက အပြင်ထွက်တိုင်း မဖြစ်မနေ နှာခေါင်းစည်း(mask) တပ်ဆင်ဖို့မမေ့ကြရန် အသံချဲ့စက်ဖြင့် နေ့စဉ်အသိပညာပေး‌ ပြောကြားခြင်းနှင့် နှာခေါင်းစည်း(mask) မတပ်ဘဲ သွားလာနေကြသူများ ကို ယခုဝယ်၊ ယခုတပ်စေခဲ့‌ကြောင်း သိရသည်။
ကံမမြို့၌ ပြည်သူများ နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာခြင်း ရှိ မရှိ စစ်ဆေးဆောင်ရွက်
Sep 03,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာ ပြည်သူများနေအိမ်ပြင်ပ ထွက်ခွာ သွားလာရာ၌
ဇလွန်မြို့မဈေးသစ်တွင် ဈေးရောင်းဝယ်သူများ Mask တပ်ဆင်မှု ရှိ/မရှိ နေ့စဉ်စစ်ဆေးခြင်း
Sep 03,2020
ဧရာဝတီတိုင်းဒေသကြီး ၊ ဇလွန်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးသစ်တွင် ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ဈေးရောင်းဝယ်ကြသူများတွင် Mask တပ်ဆင်မှု ရှိ/မရှိကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများမှ နေ့စဉ်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ဇမ္ဗူသီရိမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ
Sep 03,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် ၊ တဲကြီးကုန်း ကျေးရွာရှင်းလင်းဆောင်၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ မိုးစပါး မျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်း အနားကို ယမန်နေ့နံနက် (၈) နာရီက ကျင်းပ ခဲ့သည်။