ခရမ်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် နေအိမ်များအား ပိုးလောက်လမ်းနှိမ်နင်း၊ အဘိတ်ဆေးခပ်ခြင်းများ ဆောင်ရွက်
Sep 05,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် ယနေ့နံနက် ၈ နာရီကမြို့နယ် ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ မိုးဦးကျရာသီ တွင် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်စေရေးအတွက် ရပ်ကွက်နေပြည်သူများအား သောက်ရေ၊ သုံးရေ သိုလှောင်ကန်များ၊ ရာဝင်အိုးများ၊ အုပ်ရေကန်များအား ပိုးလောက်လမ်းများ စစ်ဆေး၍ အဘိတ်ဆေးခပ်ခြင်းနှင့် ခြင်များခိုအောင်းနိုင်သည့် နေရာများ၊ ချုံနွယ်များ၊ ရေဝပ်နိုင်သည့်နေရာများအား ရှင်းလင်း စစ်ဆေး၍ သောက်သုံးရေသိုလှောင်သည့် ရေအိုးများ၊ အုတ်ရေလှောင်ကန်များအား အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။