မယ်စဲ့မြို့နယ်၌ နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု/ပြည်နယ်) ရန်ပုံငွေဖြင့် ဆောင်ရွက် နေသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

မယ်စဲ့  စက်တင်ဘာ   ၅

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု/ပြည်နယ်) ရန်ပုံငွေဖြင့် ဆောင်ရွက် လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား စက်တင်ဘာ ၄ ရက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းလင်းလင်း၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းပန်ဖ၊ မြို့နယ်တည်ဆောက်ရေးနှင့် အရည်အသွေး စစ်ဆေး ရေး လုပ်ငန်းကော်မတီဉကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းနှင့် ကော်မတီဝင်များက တောင်လှကျေးရွာ အရှည်(၂/၄)မိုင် စိမ့်စမ်းရေသွယ်ယူခြင်း လုပ်ငန်း၊ ဟိုဂျစ်-တောင်လှ မြေသားလမ်း အရှည် (၅/၄)မိုင် ဖောက်လုပ်ခြင်းနှင့် Box Culvert (၉)စင်း တည်ဆောက်ခြင်းလုပ်ငန်း၊ ၎င်းလမ်းပေါ်တွင် ပေ(၅၀) ကွန်ကရစ်တံတားတစ်စင်း၊ ပေ(၂၀) ကွန်ကရစ်တံတား (၂)စင်း၊ (၁၀)ပေ ကွန်ကရစ်တံတား(၁)စင်း၊ ပေ(၂၀) ဘေလီတံတား (၁)စင်း နှင့် ပေ(၂၀) ကွန်ကရစ် ရေကျော်တံတား(၂)စင်း တည်ဆောက်ခြင်းလုပ်ငန်း၊ ဟိုဂျစ်-ဟိုဖ-လယ်တော လမ်းပေါ်ရှိ ပေ(၃၀)ကွန်ကရစ်ရေကျော်(၁)စင်းနှင့် ပေ(၃၀)ကွန်ကရစ် တံတား(၂)စင်း၊ လမ်းဆုံ-လယ်တော (၂/၄)မိုင် ကျောက်လမ်းခင်းခြင်းလုပ်ငန်း၊ ပေ(၂၀)ကွန်ကရစ်တံတား(၁)စင်း တည်ဆောက်ခြင်းနှင့် အမက(လမ်းဆုံ) ကျောင်းအဝင် လမ်း ပေ(၁၂၀) ကွန်ကရစ်ခင်းခြင်း နှင့် ပေ ၃၀ ပတ်လည် တန်းစီကွင်း တည်ဆောက်ခြင်း လုပ်ငန်းများ ပြီးစီးမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး လုပ်ငန်းများ အချိန်မီပြီးစီး နိုင်ရေးနှင့် လုပ်ငန်းအရည်အသွေး ကောင်းမွန်စေရေး အလေးထား ဆောင်ရွက်ပေးရန် သက်ဆိုင်ရာ ကုမ္ပဏီတာဝန်ရှိသူများအား လမ်းညွှန်မှားကြားခဲ့ကြောင်း သိရသည်။

 

စိုင်းလျှမ်း(ပြန်/ဆက်)