ခရမ်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် နေအိမ်များအား ပိုးလောက်လမ်းနှိမ်နင်း၊ အဘိတ်ဆေးခပ်ခြင်းများ ဆောင်ရွက်

ခရမ်း စက်တင်ဘာ ၅

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် ယနေ့နံနက် ၈ နာရီကမြို့နယ် ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ မိုးဦးကျရာသီ တွင် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်နိုင်စေရေးအတွက် ရပ်ကွက်နေပြည်သူများအား သောက်ရေ၊ သုံးရေ သိုလှောင်ကန်များ၊ ရာဝင်အိုးများ၊ အုပ်ရေကန် များ အား ပိုးလောက်လမ်းများ စစ်ဆေး၍ အဘိတ်ဆေးခပ်ခြင်းနှင့် ခြင်များခိုအောင်းနိုင်သည့် နေရာများ၊ ချုံနွယ်များ၊ ရေဝပ်နိုင်သည့်နေရာများအား ရှင်းလင်း စစ်ဆေး၍ သောက်သုံးရေသိုလှောင်သည့် ရေအိုးများ၊ အုတ်ရေလှောင်ကန်များအား အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ပိုးလောက်လန်းနှိမ်နင်းခြင်းနှင့် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများကို ခရမ်းမြို့နယ် ဆရာဝန်ကြီး ဒေါက်တာခင်မောင်ရင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်ချောကြည်ပြာဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာ ယာရေးဝန်ထမ်းများ၊ လူမူရေးအဖွဲ့ဝင်များက ခရမ်းမြို့အမှတ်(၁၂) ရပ်ကွက်အတွင်း နေထိုင်ကြသည့် နေအိမ်များအတွင်းရှိ သောက်သုံးရေသိုလှောင်ထားသည့် ရေအိုးများအတွင်း ပိုးလောက်လမ်းများ စစ်ဆေး၍ အဘိတ်ဆေးများ ခတ်ခြင်း၊ ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါသွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကါကွယ်နိုင်ရေးအတွက် ခရမ်းမြို့နယ်အတွင်းရှိ ရပ်ကွက်များ ကျေးရွာများအတွင်း ပိုးလောက်လမ်း နှိမ်နင်းခြင်းနှင့် အဘိတ်ဆေးခပ်ခြင်းများကို အပတ်စဉ် ပြည်သူလူထု ပူးပေါင်းအားဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

ကိုမင်း (ခရမ်း)