နတ်မောက်မြို့နယ်လင်းကတိုးကျေးရွာသို့သွားရောက်၍ငွေဗိုက်( Ngwe Bike)Application တွင် စားရင်းပေးသွင်းခြင်းများဆောင်ရွက်

နတ်မောက်  စက်တင်ဘာ   ၅                                      

မကွေးတိုင်းဒေသကြီး ၊ နတ်မောက်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ ကိုဗစ်-၁၉ ကာလအတွင်း ကိုယ်ဝန်ဆောင် မိခင်များအတွက် ငွေကျပ်သုံးသောင်း တစ်ကြိမ်ထောက်ပံ့ပေးနိုင်ရေးအတွက် နတ်မောက်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်များအား ထောက်ပံကြေး ငွေရယူနိုင်ရန် Google Play Storeနှင့် Apple Store တို့တွင် ငွေဗိုက်(Ngwe Bike) Application ကို download ရယူပြီး စာရင်းပေးသွင်း ခြင်းလုပ်ငန်းများကို ယမန်နေ့နံနက် ( ၁၀ ) နာရီက မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဝန်ထမ်းများက  လင်းကတိုး ကျေးရွာသို့သွားရောက် ဖုန်း Application အတွင်းစာရင်း ရေးသွင်းပေးခဲ့ကြောင်း သိရသည်။                                                                                             

အဆိုပါငွေဗိုက် (Ngwe Bike) Applicationတွင်စာရင်းသွင်းပေး နေမှုနှင့်ပတ်သက်ပြီး နတ်မောက်မြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာန၊ဝန်ထမ်းများက ကိုယ်ဝန်ဆောင်မိခင်များစာရင်းပေးရာတွင် အဆင်ပြေချော့မွေ့အောင် ဆောင်ရွက် ပေးလျက်ရှိကြောင်းနှင့် ယခုထောက်ပံ့ငွေသည် Covid-19 ကာလအတွင်း တစ်ကြိမ်သာထောက်ပံသော ငွေကြေး ဖြစ်ကြောင်း ၊ ထောက်ပံ့ကြေးလျှောက်ထားရက်မှာ သြဂုတ်လ ၁ ရက်နေ့မှ စက်တင်ဘာ၁၅ ရက်နေ့ထိသာဖြစ်သဖြင့် Application တွင် မိမိအစီအစဉ်ဖြင့်ဖြစ်စေ လူမှုဝန်ထမ်းဦးစီးဌာန၏ အကူ အညီဖြင့်ဖြစ်စေ အထောက်အထား ခိုင်ခိုင်လုံလုံဖြင့်လျောက်ထားနိုင်ကြောင်းသိရသည်။    

သြဂုတ် ၁ရက်နေ့မှ စက်တင်ဘာ ၁၅ ရက်အတွင်းမွေးဖွားသည့် ကိုယ်ဝန်ဆောင်များသည် ငွေဗိုက်အစီအစဉ်တွင် အကြုံးဝင်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှသိရသည်။

လှဝင်း ( နတ်မောက်)