လိုင်လင်းပီ စက်တင်ဘာ ၅
ချင်းပြည်နယ်၊ လိုင်လင်းပီမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်ပေါ်စေရေးအတွက် ကြိုတင် ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ လိုင်လင်းပီမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှဦးဆောင်ပြီး ဌာနဆိုင်ရာဝန်ထမ်းများပူးပေါင်းအဖွဲ့မှ ယမန်နေ့ နံနက်ပိုင်းမှစ၍ နှာခေါင်းစည်း(Mask)များတပ်ဆင်ခြင်းမရှိဘဲ အပြင်ထွက်သည့် ပြည်သူများအား ယခုဝယ်တပ်စနစ်ဖြင့် ဆောင်ရွက် စေလျက်ရှိသည်။
လိုင်လင်းပီမြို့ဒေသခံများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များနှင့် အများပြည်သူများသို့ ပန်ကြားချက်များကို ကျယ်ကျယ ်ပြန့်ပြန့် သိရှိလိုက်နာဆောင်ရွက်စေရန်အတွက် မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ အသံချဲ့စက်ဖြင့် အစဉ်မပြတ် လှည့်လည်နှိုးဆော်ပေးလျက်ရှိသည်။
အဆိုပါအသိပညာပေးခြင်းလုပ်ငန်းများကို မြို့တွင်းလမ်းဆုံနေရာများနှင့် မြို့အဝင်ဂိတ်များတွင် ဆောင်ရွက်ကြခြင်းဖြစ်ကြောင်းနှင့် အသိပညာပေးကာလပြီးဆုံးပါက ဒဏ်ငွေရိုက်သည့်စနစ်ဖြင့် အရေးယူ ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်းသိရသည်။
ယာကမ် (ပြန်/ဆက်)