Township Level Advocacy meeting and Training for mandatory case ဆွေးနွေးပွဲ ရပ်စောက်၌ ပြုလုပ်

ရပ်စောက်      စက်တင်ဘာ     ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် Advocacy meeting and Training for mandatory case ကျန်းမာရေး အသိပေးဆွေးနွေးခြင်းကို ယမန်နေ့ မွန်းလွဲ ၁ က ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် တောင်ကြီး NPT Team နှင့် WHO မှ ဒေါက်တာအောင်သူ ဦးဆောင်သောအဖွဲ့က TB ရောဂါ ဖြစ်ပွားရခြင်းအကြောင်းအရာများ၊ TB ဖြစ်ပွားပါက ကုသပုံနည်းလမ်းများ၊ TB ရောဂါလူနာတွေ့ရှိပါက ညွှန်းပို့ပုံစံများ သတင်း ပေးပို့ရန်အတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများနှင့် ကိုယ်ပိုင်အထွေထွေရောဂါကု ဆေးခန်းမှ ဝန်ထမ်းများ အား TB နှင့်ပတ်သက်သော ကျန်းမာရေးအသိပညာပေး ဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုင်းမြတ်ကျော်စိုး(ပြန်/ဆက်)