မြို့ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီအစည်းဝေးနှင့် ငွေဗိုက်စနစ်ဖြင့် ကိုယ်ဝန်ဆောင် မိခင်များအား ထောက်ပံ့မည့်ဆွေးနွေးပွဲကျင်းပ

လွယ်ဂျယ်        စက်တင်ဘာ       ၅

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် လွယ်ဂျယ်မြို့တွင် မြို့ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီအစည်းအဝေးနှင့်ငွေဗိုက်စနစ်ဖြင့် ကိုယ်ဝန်ဆောင်မိခင်များအား ထောက်ပံ့မည့် အစီအစဉ် ဆွေးနွေးပွဲ ကို စက်တင်ဘာလ ၄ ရက် နံနက်  ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန   အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် လွယ်ဂျယ်မြို့အုပ်ချုပ်ရေးမှူး ဦးယဉ်မင်းထွန်း က အဖွင့်အမှာစကား ပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာန ဗန်းမော်ခရိုင်ဦးစီးမှူး ဒေါ်ဆွေဆွေဝင်းက ကလေးသူငယ် အခွင့်အရေးဆိုင်ရာ များကို ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် တက်ရောက်လာသော ကိုယ်ဝန်ဆောင်မိခင်များအား ငွေဗိုက်စနစ်ဖြင့် ထောက်ပံ့မည့် အစီအစဉ်အား ငွေဗိုက် application ဖြင့်‌ငွေတောင်းခံပုံကို လက်တွေ့ဆောင်ရွက် ဆွေးနွေးကြပြီး လွယ်ဂျယ်မြို့ရှိ မသန်စွမ်း (၂၀) ဦးအတွက် တစ်ဦးလျှင် သုံးသောင်းကျပ်နှုန်းဖြင့်  ကျပ်ခြောက်သိန်းကို ဗန်းမော်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနကထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ   အခမ်းအနားသို့  မြို့နယ်အဆင့် ဌာနဆိုင်ရာများ  ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေး စာရေးများ၊ မိခင်နှင့်ကလေးနှင့် အမျိုးသမီးရေးရာမှ တာဝန်ရှိသူများ၊ မသန်စွမ်းသူများ နှင့်ကိုယ်ဝန်ဆောင် မိခင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

ထွန်းထွန်းနိုင် (ပြန်ဆက်)