ကျွန်းလှမြို့နယ်တွင် နန်းကြီးသာချောင်းကူးတံတား ရာနှုန်းပြည့်ပြီးစီး၍ ရာသီမရွေး ဖြတ်သန်းသွားလာနိုင်

ကျွန်းလှ စက်တင်ဘာ ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ရေရှင်-သိုက်တော-လှည်းချောင်းကူး- မယားသာ-ကန်ဇွန်းကျေးရွာလမ်းပေါ်ရှိ နန်းကြီးသာချောင်းကူးတံတားရာနှုန်းပြည့်ပြီးစီး၍ရာသီမရွေး ဖြတ်သန်း သွားလာနိုင်ပြီ ဖြစ်ကြောင်း မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

ထိုအရှည်(၂၀၀)ပေ၊ အကျယ်(၁၈)ပေ၊ လူသွားလမ်းအကျယ်တစ်ပေ၊ သတ်မှတ်တန်ချိန်တန်(၆၀)၊ သံကူကွန်ကရစ်၊ ကွန်ကရစ်ကြမ်းခင်းတံတားကို ခွင့်ပြုရန်ပုံငွေကျပ်(၅၆၀)သန်းဖြင့်တံတားဦးစီးဌာန၊ တံတား အထူးအဖွဲ့(၄)က တာဝန်ယူတည်ဆောက်ခဲ့ကြောင်း သိရှိရသည်။

ယင်းတံတားကို၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်မှ စတင်တည်ဆောက်ခဲ့ပြီး ယခု၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ် တွင်ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း၊ ကျွန်းလှမြို့နယ်သဖန်းဆိပ်ဆည် အနောက်ဘက်ခြမ်းကျေးရွာများ၊ ကောလင်းမြို့နယ်နှင့် ပင်လယ်ဘူးမြို့နယ် ကျေးရွာများ၊ စုစုပေါင်းကျေးရွာ(၄၀)ကျော်ရှိဒေသခံ ပြည်သူများရာသီမရွေးသွားလာရေး အဆင်ပြေပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုး တက်လာမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ တံတားတည်ဆောက်ခြင်းကို လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ များနှင့် တာဝန်ရှိသူတို့က သတ်မှတ်ကာလအတွင် စံချိန်စံညွှန်းနှင့် အညီပြီးစီးရေးကြီးကြပ်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

မျိုးဝင်းညို(ကျွန်းလှ)