မိုင်းယန်း စက်တင်ဘာ ၆
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် မိုင်းယန်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ည ၈ နာရီအချိန်က မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် တာဝန်ရှိသူများမှ မြို့ပေါ်ရပ်ကွက်များသို့ လိုက်လံအသိပေးနှိုးဆော် ခဲ့ကြကြောင်းသိရသည်။
ထိုသို့ မြို့နယ်အတွင်းရှိရပ်ကွက်များသို့ လိုက်လံအသိပေးနှိုးဆော်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များကို တတ်နိုင်သမျှ လိုက်နာ ဆောင်ရွက်ကြရန်၊ မလိုအပ်ဘဲ (လုံးဝ)မသွားလာကြရန်၊သွားလာရာတွင်လည်း နှာခေါင်းစည်း Mask ကို အပြင်သွားသည့်အခါတိုင်း တပ်ဆင်ကြရန်၊အခြားသူများနှင့် တတ်နိုင်သမျှ ၆ ပေအကွာနေထိုင်ကြရန်၊လက်ကိုရေနှင့်ဆပ်ပြာ (သို့မဟုတ်) လက်သန့်ဆေးရည်ဖြင့် စက္ကန့် ၂၀ အကြာစနစ်တကျ ဆေးကြောရန်၊လူစုလူဝေးမပြုလုပ်ကြရန် အစရှိသည်တို့ကိုပြည် သူ များပူးပေါင်း ပါဝင်ကူညီမှုဖြင့် လိုက်နာဆောင်ရွက်ကြရန် အသိပေး နှိုးဆော်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းဆိုင်ရာ အသိပေးနှိုးဆော်ခြင်းကို မြို့နယ်စီမံခန့်ခွဲမှုကော််မတီအဖွဲ့နှင့် မြို့နယ်မီးသတ် တပ်ဖွဲ့၊ မြို့နယ် ရဲတပ်ဖွဲ့နှင့် မြို့နယ်အဆင့်ဌာန ဆိုင်ရာ များပူးပေါင်းကာ စက်တင်ဘာလ ၁ ရက်နေ့ညမှစတင်၍ မြို့ ပေါ် ရပ် ကွက်များသို့ မြန်မာဘာ သာ/ရှမ်းဘာသာ စကား တို့ဖြင့် လိုက်လံအ သိပေးနှိုးဆော်ခဲ့ရာ ယခုအခါ အခြေအနေအရပ်ရပ်ကြောင့် ပြည်သူများ ပိုမိုသတိပြုလိုက် နာဆောင်ရွက်ကြရန် အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
ထွန်းထွန်းထူး(ပြန်/ဆက်)