ရန်ကုန် စက်တင်ဘာ ၆
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်း မြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရာ၌ အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့် မဆုံး ရှုံးစေရေး အတွက် မှတ်ပုံတင် မရှိသေးသူများ အား ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ(၃)ရက်နေ့မှ(၁၄)ရက်နေ့ထိ ရပ်ကွက်များ အလိုက် ကွင်းဆင်း ဆောင် ရွက်ပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါ လုပ်ငန်းများအား မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးသိန်းမောင် နှင့် ဝန်ထမ်းများ က ရန်ကင်းမြို့နယ်အတွင်းရှိ အသက် (၁၈) နှစ် ပြည့်ပြီး သူများ ထဲမှ မှတ်ပုံတင်မရှိသူများ၊ အသက် (၁၈) နှစ်ပြည့် လဲလှယ်မည့်သူများ၊ မှတ်ပုံတင် ပျက်စီးသူများ အား သတ်မှတ်ချက်နှင့် ပြည့်စုံပါက ဆောင်ရွက် ပေးနိုင်ရန်အတွက် သေချာစွာစိစစ်၍ ဆောင်ရွက် ပေးခဲ့ကြပြီး ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးအတွက်လည်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီး ဌာန ၏ လမ်းညွှန်ချက်များ နှင့် အညီ လိုက်နာကာ လူစုလူဝေးမဖြစ်ပေါ်စေရေး အတွက် Social Distancing ဖြင့် စနစ် တကျ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများဆောင်ရွက်ရာသို့ မြို့နယ်တာဝန်ရှိသူများ နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ က လိုအပ်သည်များ ကူညီ ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။
ခင်မာဝေ(ပြန်/ဆက်)