သုံးခွမြို့၌ Mask အခု (၅၀၀) အခမဲ့ ဖြန့်ဝေတပ်ဆင်ပေးခြင်းနှင့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်

သုံးခွ စက်တင်ဘာ ၆

ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့၌ COVID-19 ရောဂါကူးဆက်မှု မဖြစ်ပွားစေရန် Maskအခု(၅၀၀) အခမဲ့ ဖြန့်ဝေတပ်ဆင်ပေးခြင်းနှင့် အသိပညာ ပေးခြင်းကို ယမန် နေ့ည‌ နေ၄နာရီခွဲအချိန်က လူစည်ကားရာနေရာများတွင် ဆောင်ရွက်ကြခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းစောဝေနှင့် ၀န်ထမ်းများက မြို့နယ်အတွင်းသွားလာ‌‌ ကြသောပြည်သူ များအား ကိုဗစ်-၁၉‌ ရောဂါကူးဆက်ပြန့်နှံ့မှုမရှိ‌ စေရေးအတွက် Mask အခု (၅၀၀) အခမဲ့ဖြန့်‌ပေးခြင်းနှင့် လက်များ သန့်စင် စေရန်အတွက် Handjelဖြင့်‌ ဆေးကြောခြင်းများ ပြုလုပ်‌ခဲ့‌ပေးခဲ့ပြီးကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့် အညီ လိုက်နာဆောင်ရွက်ကြရန်၊ နှာခေါင်းစည်း Mask ကို အပြင်သွားသည့်အခါ တိုင်းတပ်ဆင်ရန် အသိပညာပေးပြောကြားခဲ့‌ ကြောင်းသိရသည်။

စည်သူလင်း ပြန်/ဆက်