စဉ့်ကိုင်မြို့နယ်အတွင်းရှိ မြို့ပေါ် (၅) ရပ်ကွက်တွင် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

စဉ့်ကိုင် စက်တင်ဘာ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် အရေးပေါ်တုံပြန်ရေး ကော်မတီ၏ ကြီးကြပ်မူဖြင့် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီ:ဌာနမှ ထုတ်ပြန်ထားသော အသိပညာပေး နှိုးဆော်ချက်များအား ပြည်သူများသိရှိစေရေး မြို့ပေါ်() ရပ်ကွက်တွင် ယမန်နေ့ညပိုင်းက အသံချဲစက်များဖြင့် နှိုးဆော်ခြင်း၊ ညမထွက်ရ အမိန့် ဖောက်ဖျက် သူများ ရှိ/မရှိ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ အသိပညာပေးနှိုးဆော်ချက်များအား အသံချဲ့စက်များဖြင့် ကြေညာပေးရာတွင်စဉ့်ကိုင် မြို့နယ်အတွင်း ပြည်သူများ နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်ပြီးမှ သွားလာကြရန်၊ လက်ကိုမကြာ ခဏဆေးကြောကြရန်၊ နေအိမ်ပြင်ပသို့ ထွက်ခွာခြင်းမပြုကြရန်၊ မဖြစ်မနေ ပြင်ပသို့ထွက်ခွာမည် ဆိုပါက တစ်ဦးတည်းသာ ထွက်ခွာသွားလာခြင်းပြုကြရန်၊ ပြည်ပမှ ဝင်ရောက်လာသူများနှင့် ရခိုင်ပြည်နယ်မှ နေရပ်သို့ ဝင်ရောက်လာသူများရှိပါက  ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများသို့  အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ကြရန်နှင့် စုဝေးခြင်းများ မပြုလုပ်ကြရန် အသိပေးနှိုးဆော်လျက်ရှိပြီး (၁၂)နာရီမှ နောက်တနေ့ နံနက်()နာရီအတွင်း နေအိမ်ပြင်ပသို့ထွက်ခွာသွားလာသူများအား တည်ဆဲဥပဒေများနှင့်အညီ စစ်ဆေးအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံပြန်ရေး ကော်မတီဉက္ကဋ္ဌ ဉီးကောင်းမြတ်ထွန်းနှင့် အဖွဲ့ဝင်များ မြို့နယ်အထွေထွေအုပ်ချူပ်ရေး      ဉီးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး  ဉီးဝင်းဝင်းစိုးနှင့် ဝန်ထမ်းများ မြို့နယ်ရပ်တပ်ဖွဲ့ဝင် များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူပေါင်း၍ အရှိန်အဟုန်မြှင့်် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်ပိုင်ပိုင်ကျော်