ရွှေပြည်သာမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း  Mask တပ်ဆင်ရေး အသိပညာပေးခြင်းနှင့် Mask များအခမဲ့ဖြန့်ဝေ

ရွှေပြည်သာ စက်တင်ဘာ ၁၀

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှဦးဆောင်၍ရွှေပြည်သာမြို့နယ်ရှိပြည်သူများအပြင်ထွက်တိုင်း  Mask တပ်ဆင်ပြီးမှ ထွက်ကြရန် ဆိုင်းဘုတ်များကိုင်ဆောင်၍အသိပညာပေးခြင်းနှင့်နှာခေါင်း စည်း Mask များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့ နေ့လည် ၁ နာရီအချိန်တွင် မြို့နယ်ခန်းမရှေ့ တွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ရွှေပြည်သာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဉာဏ်လင်း၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးရန်အောင်မင်း၊ ရွှေပြည်သာမြို့နယ် ကိုဗစ်-၁၉ ရော ဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရးမှူး ဦးမိုးကျော် အောင်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ များ၊ ကြက်ခြေနီတပ်ဖွဲ့များက ကိုဗစ်_၁၉ရောဂါ ကူးစက်ပြန့်နှံမှုမရှိစေရေးအတွက်ကြီုတင်ကာ ကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြင့်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

နေမျိုးထွန်း(ရွှေပြည်သာ)