ကျောက်ကြီးမြို့နယ်၌ (CERP) အစီအစဉ်အရ မသန်စွမ်းသူများအား ထောက်ပံ့ငွေ ပေးအပ်

ကျောက်ကြီး စက်တင်ဘာ ၁၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်တွင် ကိုဗစ်−၁၉ စီးပွားရေး ကုစားမှု အစီအစဉ် (CERP) အရ တစ်ကြိမ်တစ်ခါမှ ထောက်ပံ့ငွေမရရှိခဲ့သော မသန်စွမ်းသူများအား အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့ နံနက်(၁၁)နာရီကထောက်ပံ့ ငွေများ ပေးအပ် ခဲ့သည်။

အဆိုပါ ထောက်ပံ့ငွေများကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန လူမှုဝန်ထမ်းဦးစီးဌာန တောင်ငူခရိုင် ဦးစီးအရာရှိ ဒေါ်လှိုင်သဇင်ကျော်နှင့်အဖွဲ့သည် ကျောက်ကြီးမြို့နယ် အတွင်းရှိ ကိုဗစ်−၁၉  စီးပွားရေးကုစားမှု အစီအစဉ်(CERP) အရ စာရင်း ကောက်ယူပြီးသော မသန်စွမ်းသူများအနက် မှထောက်ပံ့ရန် ကျန်ရှိသည့် မသန်စွမ်းသူများ အတွက် တစ်ဦးလျှင်ထောက်ပံ့ငွေတစ်ဦးလျှင်(၃)သောင်းကျပ်နှုန်းဖြင့် မသန်စွမ်းသူ (၄၈၆)ဦး အတွက် ထောက်ပံ့ငွေစုစုပေါင်း(၁၄၅၈၀၀၀၀/−)အားမသန် စွမ်းသူများလက်ဝယ် အရောက် ထောက်ပံ့မှု ပေးခဲ့ကြောင်းသိရသည်။

K ခိုင် ပြန်/ဆက်