ဖောင်းပြင် စက်တင်ဘာ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ရွာတန်းရှည်ကျေးရွာနှင့် နန်ယုံကျေးရွာတို့၌ နယ်စပ်ဒေသ နှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ကျပ် ၆၁ ဒသမ ၂ သန်းဖြင့် အိမ်သုံးဆိုလာ (၂၂၈)လုံးကို ထောက်ပံ့ပေးအပ်ခဲ့ရာ ယမန်နေ့က စတင်၍ ကျေးရွာနေပြည်သူများထံသို့ အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်လတ်နှင့် ကျေးရွာအုပ်ချုပ် ရေးမှူးဦးဖိုးလင်းတို့က ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ပေးအပ်ရာတွင် ကျေးရွာနှစ်ရွာအတွက် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ကျေး လက်ဆေးပေးခန်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးနှင့် ကျေးရွာအိမ်ခြေ (၂၂၄) လုံးအတွက် 100W ဆိုလာပြား (၂၂၈)ခု၊ 70Ah ဘက်ထရီပါ အင်ပါတာ (၂၂၈)လုံး၊ 5Wမီးသီး (၆၈၄) လုံးနှင့် 10W မီးချောင်း (၂၂၈)ချောင်းတို့ကို ပေးအပ် သည်။
အဆိုပါ ထောက်ပံ့ပစ္စည်းများအား Immortal Myanmar Power Company Limited ကတာဝန်ယူဆောင်ရွက် ပြီး ဘက်ထရီအားပြည့်မီအောင်သွင်းထားပါက (၁၄)လက်မ တီဗွီ၊ Skynetစက်နှင့် Psi စက်တို့ကို ညပိုင်း၌ ၄နာရီအထိအသုံးပြုနိုင်မည်ဖြစ်ကာ 5W မီးသီး ၃ လုံးနှင့် 10W မီးချောင်းတစ်ချောင်းကို တစ်ညလုံး အသုံး ပြုနိုင်မည်ဖြစ်ကြောင်း၊ တစ်နှစ်အတွင်း ပစ္စည်းများချို့ယွင်းမှုရှိလာပါက အခမဲ့ပြုပြင်လဲလှယ်ပေးမည် ဖြစ် ကြောင်း ယင်းကုမ္ပဏီက ဒါရိုက်တာ ဦးချစ်ကိုကိုအောင်ထံမှ သိရသည်။
ကိုထွန်း(ဖောင်းပြင်)