စုကလိ စက်တင်ဘာ ၁၀
ကိုဗစ် − ၁၉ ရောဂါကြောင့် အသိပညာပေးလုပ်ငန်းများအား လူစုလူဝေးဖြင့် မဆောင်ရွက် နိုင်သည့် ကာလအတွင်း ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက Online မှတစ်ဆင့် အသိပညာပေး ဗီဒီယိုများကို စက်တင်ဘာလမှ စတင်၍ ရိုက်ကူးတင်ဆက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကိုဗစ် − ၁၉ ရောဂါ အသိပညာပေးခြင်း၊ လူကုန်ကူးမှုတိုက်ဖျက်ရေး ဆိုင်ရာ အသိပညာပေးခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးခြင်း၊ ယာဉ်စည်းကမ်း/ လမ်းစည်းကမ်း ဆိုင်ရာ အသိပညာပေးခြင်းနှင့် အခြား ပြည်သူ့အကျိုးပြု အသိပညာပေးခြင်း ဗီဒီယိုများကို IPRD Sukali facebook page မှတစ်ဆင့် Online တင်ဆက်မှုပုံစံဖြင့် အပတ်စဉ် တင်ဆက်ပေးမည် ဖြစ်ကြောင်း သိရသည်။
ဇော်နိုင်လင်း(ပြန်/ဆက်)