အောင်လံ စက်တင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့တွင် ကိုဗစ်−၁၉ရောဂါကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ ရောဂါ ကူးစက်မှုကို ထိန်းချုပ်နိုင်ရန်အတွက် ညမထွက်ရအမိန့် နှိုးဆော်ခြင်းကို မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအားလုံးတွင် ယမန်နေ့ညက လိုက်လံနှိုးဆော်ခဲ့ကြောင်းသိရ သည်။
ယင်းသို့နှိုးဆော်ရာတွင် ကိုဗစ်−၁၉ ရောဂါကြောင့် ပြည်သူများ ကျန်းမာရေးကို ထိခိုက်စေနိုင်သည့်အပြင် အသက်အန္တရာယ် သေဆုံးသည်အထိ ဖြစ်ပွားနိုင်သဖြင့် ရောဂါကာကွယ်ရေး နည်းလမ်းများတွင် အထောက်အကူ ပြုရန်အတွက် ည(၁၂)နာရီမှ နောက်နေ့ နံနက်(၄)နာရီအထိ သတ်မှတ်နယ်နိမိတ်မှ နေအိမ်ပြင်ပသို့ ထွက်ခွာခြင်း၊ လူစုလူဝေး ပြုလုပ်ခြင်း မပြုလုပ်ကြရန် အသိပေး နှိုးဆော်ထားပြီးဖြစ်၍ နေအိမ်ပြင်ပသို့ မဖြစ်မနေသွား ရောက်ရန် လိုအပ်ပါက (Mask)များ တပ်ဆင်သွားကြရန်နှင့် ခရီးသွားမည်ဆိုပါက သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ အကြောင်းကြားရန် ညမထွက်ရအမိန့်အား ဖောက်ဖျက်ကျူးလွန်ပါက တည်ဆဲဥဒေအရ အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်သူများအား အသိပေးနှိုးဆော်မှုကို မြို့နယ်အတွင်းရှိ ရပ်ကွက်(၉)ရပ်ကွက်တွင် နေ့စဉ်ရက်ဆက် မပြတ် နှိုးဆော်လျက်ရှိကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)