သတင်းများ

ဗန်းမောက်မြို့၌ မြင့်မြတ်သွေးလှူရှင်များလူမှုရေးအသင်းမှ နှာခေါင်းစည်း (Mask) အခုရေ (၅၀၀၀) ကို ပြည်သူများအား အခမဲ့ဖြန့်ဝေပေး
Sep 15,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် မဖြစ်မနေ နေအိမ်ပြင်ပသို့ ထွက်ခွာသွား လာနေကြရသည့် လမ်း သွားလမ်းလာ မိဘပြည်သူများအား နှာခေါင်းစည်း (Mask) အခုရေ (၅၀၀၀) အခမဲ့ဖြန့်ဝေပေး ခြင်းကို ယနေ့နံနက်(၆)နာရီအချိန်က ယာယီစျေးဖွင့်လှစ် ထားရှိသည့် မြို့မဘောလုံးကွင်း ဝင်းပေါက်၌ စျေးသို့ လာရောက်ကြသည့် မိဘပြည်သူများအားလည်းကောင်း၊ မြို့တော်ခန်းမရှေ့၌ လည်းကောင်း ပြုလုပ်ခဲ့ကြောင်းသိရသည်။
မင်းကင်းမြို့ Community Based Facility Quarantine Centre များတွင် ထားရှိသော စောင့်ကြည့်လူများ၏ ဆေးစစ်ဆေးချက်များ ထုတ်ပြန်
Sep 15,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့တွင် ပြည်ပမှပြန်လာသူများ၊ Stay Home ဒေသမှပြန်လာသူများအား သက်ဆိုင်ရာ Community Based Facility Quarantin Centre များတွင်ထားရှိပြီး swabပေးပို့စစ်ဆေးခဲ့ပြီး ယမန်နေ့နံနက်ပိုင်းက ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။
ကျေးသီးမြို့နယ်တွင် ရပ်ကွက်၊ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးခြင်း သင်တန်းဖွင့်လှစ်
Sep 15,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးက ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးခြင်းသင်တန်းကို ယနေ့နံနက် (၁၀)နာရီ က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
ကလေးမြို့တွင် ခရိုင်ရွေးကောက်ပွဲဆိုင်ရာ‌ စေ့စပ်ညှိနှိုင်းရေး ကော်မတီဝင်များ ညှိနှိုင်းအစည်းအဝေး ကျင်းပ
Sep 15,2020
စစ်ကိုင်းတိုင်းဒေသကြီး ၊ကလေးမြို့တွင် နိုင်ဝင်ဘာလ(၈)နေ့၌ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ၊ပါတီများနှင့် ရွေးကောက်ပွဲတွင်သက်ဆိုင်သူများအကြား
တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ စောင့်ကြည့်ရေးစင်တာ ပြန်လည်ဖွင့်လှစ်
Sep 15,2020
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ကိုဗစ်-၁၉ စောင့်ကြည့်ရေးစင်တာကို စက်တင်ဘာလ ၁၃ ရက်နေ့က ပြန်လည်ဖွင့်လှစ်လျက်ရှိကြောင်း သိရ သည်။
လေးမျက်နှာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်များ လိုက်နာခြင်း ရှိ/မရှိ နေ့ စဉ်စစ်‌ဆေးဆောင်ရွက်
Sep 15,2020
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးကျော်ထွန်း ဦးဆောင်မှုဖြင့် မြို့နယ်အတွင်း သွားလာသူများ နှာခေါင်းစည်း Mask တပ်ဆင်သွားလာရန် စစ်ဆေးခြင်းများကို ယနေ့နံနက်က လေးမျက်နှာမြို့နယ်အတွင်းရှိ အဝင်/အထွက် စစ်ဆေး ရေးဂိတ်များ၌ နေ့စဉ် စစ်‌ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခန္တီးမြို့တွင် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု (CERP) အစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့စိုက်ထုတ် တောင်သူများကို ထောက်ပံ့ငွေပေးအပ်
Sep 15,2020
COVID-19 Economic Relief Programme အစီစအစဉ်ဖြင့် ဆောင်ရွက်သော ၂၀၁၉-၂၀၂၀ ခုနှစ် မိုးစပါးမျိုးစေ့စိုက်ပျိုးသည့် တောင်သူများကို ယနေ့နေ့လယ်က ခန္တီးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ထောက်ပံ့ငွေများပေးအပ်သည်။
ညောင်ရွှေမြို့နယ်အတွင်းရှိ စပါးစိုက်ခင်းများအတွင်းသို့ ငါးမျိုးများစိုက်ထည့်
Sep 15,2020
ဒေသတွင်းငါးရိက္ခာဖူလုံစေရေး၊ ငါးသယံဇာတပေါကြွယ်ဝစေရေးနှင့် စပါးစိုက်တောင်သူများ စပါးမှရရှိသောငွေအပြင် ငါးမွေးမြူခြင်းမှရရှိသော အကျိုးအမြတ်များဖြင့် တောင်သူဝင်ငွေ တိုးပွားစေရေးတို့ကို ရည်ရွယ်၍ ရှမ်းပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ညောင်ရွှေမြို့နယ်အတွင်းရှိ စပါးစိုက်ခင်းများအတွင်းသို့ ငါးမျိုးများစိုက်ထည့်ခြင်းကို ယမန်နေ့ညနေပိုင်း က ကတိလောကျေးရွာအုပ်စု၊ ကျော့မောင်ငယ်ကျေးရွာ၊ ညောင်ရွှေ-ရွှေညောင် ကားလမ်းမဘေးရှိ စပါးခင်းများ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။