ကျောက်တလုံးကြီးမြို့ ကက္ကူကျေးရွာအုပ်စုတွင် မိုးစပါးမျိုးစေ့ထုတ်စိုက်ကွင်းများ မျိုးကွဲပယ်ခြင်း၊ ပေါင်းနုတ်ခြင်းနှင့် ပိုးမွှားကျရောက်မှု ရှိ ၊ မရှိ ဒုတိယအကြိမ် ကွင်းဆင်းစစ်ဆေး

ကျောက်တလုံးကြီး     စက်တင်ဘာ   ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊   တောင်ကြီးခရိုင်၊   ကျောက်တလုံးကြီးမြို့အတွင်း မိုးစပါးမျိုးစေ့ထုတ် စိုက်ကွင်း တွင် မျိုးကွဲပယ်ခြင်း၊  ပေါင်းနုတ်ခြင်းနှင့် ပိုးမွှားကျရောက်မှု ရှိ၊ မရှိ စစ်ဆေးခြင်းကို ကျောက်တလုံးကြီးမြို့၊ စိုက်ပျိုးရေးဦးစီးဌာနမှ ယနေ့နံနက် ၈ နာရီခန့် က ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ကျောက်တလုံးကြီးမြို့၊ စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက် ဦးစီးမှူးနှင့် ဝန်ထမ်းများ က ကက္ကူမြောက်ရွာရှိ မိုးစပါးစိုက်မျိုးစေ့ထုတ်စိုက်ကွင်းအတွင်း    မိုးစပါးများအား စနစ်တကျ စိုက်ပျိုးနိုင်ရေး၊ မျိုးကွဲများကင်းစင်ရေး၊   ပိုးမွှားများကျရောက်မှု မရှိစေရေးနှင့် ပေါင်းမြက်များ ရှင်းလင်းခြင်း တို့ကို  မိုးစပါးမျိုးစေ့ထုတ် တောင်သူများနှင့်  အတူပူးပေါင်း၍ ဒုတိယအကြိမ် ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။

ထို့နောက် ကက္ကူကျေးရွာအုပ်စုအတွင်းရှိ တောင်သူလယ်သမားများ၏ ရေမြေနှင့် ကိုက်ညီသော မိုးစပါးမျိုးစေ့ ထုတ်လုပ်နိုင်လျှင် အခြားဒေသများမှ မျိုးစပါးများဝယ်ယူပို့ဆောင်ရေး စရိတ် သက်သာ၍   အဆင်ပြေချောမွေ့ စေရန်၊  တောင်သူများလိုအပ်သည့်အချိန်တွင်  ဈေးနှုန်း သက်သာပြီး လွယ်ကူအဆင်ပြေစေရန်နှင့် မျိူးစေ့ထုတ် သောတောင်သူ ကိုယ်တိုင်များလည်း မျိုးကောင်း/မျိုးသန့်များ ထုတ်လုပ်နိုင်လျှင်  ဈေးနှုန်းမြင့်များ ရရှိလာမည်ဖြစ်ကြောင်း ကျောက်တလုံးကြီး စိုက်ပျိုးရေးဦးစီးဌာန မှ   လက်ထောက်ဦးစီးမှူး ဦးခွန်မောင်ညာ မှ ပြောကြား ခဲ့ကြောင်း သိရသည်။

မြဝင်း(ပြန်/ဆက်)