သတင်းများ

သန်လျင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ဈေးများ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ရေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်
Sep 15,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ဈေးများ၌ ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို ကျယ်ကျယ် ပြန့်ပြန့်လုပ်ဆောင်လျက်ရှိရာ ယနေ့ နံနက် ၇ နာရီက မြို့မဈေးကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတ အဖွဲ့များနှင့် ဈေးသူ/ဈေးသားများ ပူးပေါင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
တီးတိန်၌ ရပ်ကွက်/ကျေးရွာအုပ်စု ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ ရွေးကောက်ပွဲဆိုင်ရာ ဆင့်ပွားသင်တန်းပြုလုပ်
Sep 15,2020
ချင်းပြည်နယ်၊ တီးတိန်မြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများအား ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ ဆင့်ပွားသင်တန်းကို တီးတိန် (မြို့နယ် ပြန်/ဆက်)ရုံး၊ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ (၄၀)ဦးအား သက်ဆိုင်ရာဒေသများသို့ ထပ်မံပို့ဆောင်
Sep 15,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် မူဆယ်မြို့၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နှင့် ချင်းရွှေဟော်မြို့များရှိ နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် နေရပ်ပြန် ပြည်သူများအား လားရှိုးမြို့မှ မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မေလ(၆)ရက်နေ့မှစတင်ပြီး စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် အမျိုးသား (၁၇)ဦး၊ အမျိုးသမီး (၂၃)ဦး စုစုပေါင်း (၄၀)ဦးတို့ကို ထပ်မံပို့ဆောင် ပေးနိုင်ခဲ့သည်။
မတူပီမြို့၌ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မတူပီခရိုင်ဦးစီးမှူးရုံး ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကျင်းပ
Sep 15,2020
ချင်းပြည်နယ်၊ မတူပီမြို့၌ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မတူပီ ခရိုင်ဦးစီးမှူးရုံး ဆိုင်းဘုတ်တင်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က မတူပီမြို့၊ ခိုဘွေရပ်ကွက်၊ မြို့နယ်လဝကရုံး၌ ကျင်းပကြောင်း သိရသည်။
စစ်တောင်းမြစ်ဝှမ်းတစ်လျှောက် အစေ့ထုတ်ပြောင်း စိုက်ပျိုးသူများ စျေးကွက်ကောင်းမွန်ရန် မျှော်လင့်နေ
Sep 15,2020
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်အတွင်းရှိ ဇေယျသိမ်၊ ရဲကုန်း၊ ဘုရားကုန်း၊ မြို့လှကျေးရွာ အုပ်စုများတွင် အစေ့ထုတ်ပြောင်းမျိုးများ စိုက်ပျိုးကြပြီး လက်ရှိပြောင်းပေါ်ချိန်၌ ကိုဗစ်-၁၉ ကာလ စျေးကွက်ဝယ်လိုအား နည်းပါး၍ စျေးနှုန်းများကျ ဆင်းလျက်ရှိရာ စိုက်ပျိုးထားသည့် တောင်သူများ အနေဖြင့် စျေးကွက်ကောင်းမွန်ရန် မျှော်လင့်နေကြ ကြောင်း သိရသည်။
ရေတာရှည်မြို့နယ်တွင် မိုးစပါး မျိုးစေ့ထုတ်တောင်သူ များအား ဒုတိယအကြိမ်ထောက်ပံ့ငွေများပေးအပ်
Sep 15,2020
ရေတာရှည်မြို့နယ်အတွင်းရှိ မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား စိုက်ပျိုးရေးဦးစီး ဌာနမှ  Covid-19 ကာလ စီးပွားရေးကုသမှုအစီအစဉ် CERP အရ ဒုတိယအကြိမ်ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို စက်တင်ဘာ ၁၄ ရက်နေ့ နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက် အလှူငွေနှင့် နှာခေါင်းစည်းများ လှူဒါန်း
Sep 15,2020
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက် အလှူငွေနှင့် နှာခေါင်းစည်းများ လှူဒါန်းပွဲကို ယနေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
ငါန်းဇွန်မြို့၌ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းအစည်းအဝေးကျင်းပ
Sep 15,2020
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။