သိန္နီမြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲများ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွားသင်တန်းပို့ချ

သိန္နီ      စက်တင်ဘာ   ၁၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့ အောင်မင်္ဂလာခန်းမ၌ ယနေ့နံနက် (၁၁) နာရီအချိန်ခန့် က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာ၀န်ရှိပုဂ္ဂိုလ်များ က ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများအား ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွားသင်တန်းပို့ချသည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ဦး က အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးပျို့မောင် က ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များအကြောင်း ရှင်းလင်းပို့ချပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့၀င် ဦးမြင့်ထွန်း က လူဦးရေစာရင်း ကောက်ယူမှု အခြေအနေများကို ဖြည့်စွက်ရှင်းလင်းပို့ချပေးခဲ့ကြောင်း သိရသည်။

ဖိုးချို( ပြန်/ဆက်)