တံတားဦး၊ စက်တင်ဘာ ၁၅
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်တွင် အမျိုးသမီးများ၌ ဒုတိယဖြစ်ပွားမှုအများဆုံး ရောဂါ ဖြစ်သည့် သားအိမ်ခေါင်းကင်ဆာရောဂါ ကြိုတင်ကာကွယ် နိုင်ရန်အတွက် ကာကွယ်ဆေးကို အခမဲ့ထိုးနှံပေးမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးကို အသက်ကိုးနှစ်နဲ့ ဆယ်နှစ်အရွယ် အမျိုးသမီး ငယ်များကို တစ်နှစ်လျှင်တစ်ကြိမ် ထိုးနှံပေးသွားမည်ဖြစ်ပြီး ယခုထိုးနှံသည့်အကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း တံတားဦးမြို့ပေါ် ရပ်ကွက်ကြီး(၃)ရပ်ကွက်တွင် ကာကွယ်ဆေး ထိုးပေးရန် လူဦးရေပေါင်း (၈၃) ဦးရှိပါကြောင်း ယခင်က ကာကွယ်ဆေးကို ၂၀၂၀-ပြည့်နှစ် စက်တင်ဘာ(၂၀)ရက်နေ့တွင် ထိုးနှံပေးရန် ကြေညာထားသော်လည်း ယခုအခါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ဆောင်ရွက်နေသည့်အတွက်ကြောင့် ၂၀၂၀-ပြည့်နှစ် အောက် တိုဘာ(၂၀)ရက်နေ့မှသာ ထိုးနှံပေးမည် ဖြစ်ကြောင်း တာဝန်ခံအမျိုးသမီးကျန်းမာရေး ဆရာမ ဒေါ်နွယ်နွယ်ဦး ၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံရန် သတ်မှတ်ချက်များတွင် အကျုံး ဝင်သည့် အသက်(၉)နှစ်ပြည့်ပြီး အသက်(၁၀)နှစ်အထိ အမျိုးသမီးများ (သို့မဟုတ်) ၂၀၁၀ -ပြည့်နှစ် စက်တင်ဘာလမှ ၂၀၁၁-ခုနှစ် ဩဂုတ်လအတွင်းမွေးဖွားသူ အမျိုးသမီးငယ်များအား ကာကွယ်ဆေးထိုးပေးရေးအတွက် သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာများရှိ ကျန်းမာရေး ဝန်ထမ်းက စာရင်းများလိုက်လံကောက်ယူထားပါကြောင်းနှင့် ကာကွယ်ဆေးကို အခမဲ့ထိုးနှံပေးမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဌာနမှ သိရသည်။
ရဲတင့်(တံတားဦး-ပြန်/ဆက်)