သပိတ်ကျင်းမြို့နယ်တွင် ကိုဗစ် − ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးခြင်းနှင့် Mask များဖြန့်ဝေ

သပိတ်ကျင်း၊ စက်တင်ဘာ ၁၅

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်နှင့်ထိန်းချုပ်နိုင်ရေးအတွက် သပိတ်ကျင်းမြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများအား အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် သပိတ်ကျင်းမြို့နယ် (၇) မိုင်ကျေးရွာ ကျေး လက်ကျန်းမာရေးဌာနခွဲမှ ဆရာမဒေါ်စန္ဒာထွေးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် ကြက် ခြေနီ ဒုတိယတပ်ဖွဲ့မှူး ဒေါ်ဝါဝါထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့လူငယ်များ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ (၄)မိုင်၊ (၅)မိုင်၊ (၆)မိုင်၊ (၇)မိုင် ကျေးရွာများရှိ ဈေးရောင်း/ဈေးဝယ်များ၊ လမ်းသွား/လမ်းလာများအား အားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ အပြင်ထွက်လျှင် ပါးစပ်နှင့်နှာခေါင်းစည်းများ မဖြစ်မနေတပ်ဆင်ရန်၊ လူစုလူဝေးရှောင် ရှားရန်၊ လက်ကိုမကြာခဏဆေးရန်တို့ကို အသိပညာပေးဆောင်ရွက်ခဲ့ပြီး နှာခေါင်းစည်း (၁၀၀၀) ကျော်အား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

စိုးနိုင်ဝင်း(သပိတ်ကျင်း)