စစ်တောင်းမြစ်ဝှမ်းတစ်လျှောက် အစေ့ထုတ်ပြောင်း စိုက်ပျိုးသူများ စျေးကွက်ကောင်းမွန်ရန် မျှော်လင့်နေ

ရေတာရှည် စက်တင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်အတွင်းရှိ ဇေယျသိမ်၊ ရဲကုန်း၊ ဘုရားကုန်း၊ မြို့လှကျေးရွာ အုပ်စုများတွင် အစေ့ထုတ်ပြောင်းမျိုးများ စိုကပျိုးကြပြီး လက်ရှိပြောင်းပေါ်ချိန်၌ ကိုဗစ်-၁၉ ကာလ စျေးကွက်ဝယ်လိုအား ည်းပါ၍ စျေးနှုန်းများကျ ဆင်းလျက်ရှိရာ စိုက်ပျိုးထားသည့် တောင်သူများ အနေဖြင့် စျေးကွက်ကောင်းမွန်ရန် မျှော်လင့်နေကြကြောင်း သိရသည်။

မနှစ်က ပြောင်းဆံ တစ်တင်းကို ကျပ် ၆၀၀၀၊ ၇၀၀၀ ထောင် ရောင်းရတာထက်စာရင် ဒီနှစ် အစောပေါ်တဲ့သူက တစ်သောင်းလောက်ရောင်း လိုက်ရတယ် ခုကျတော့ ကိုဗစ်ကာလဆိုတော့ အရောင်းအဝယ် စျေးကွက်က ဘာမှန်းမသိတော့ မြို့လှမြို့ပေါ်က ပွဲရုံတွေက ပြောင်းအဝါကိုတော့ လက်ရှိ တစ်တင်း ကျပ် ၈၂၀၀ စျေးနဲ့ဝယ်တယ်စားပြောင်းအဖြူကတော့ ဝယ်ယူတာမရှိသေးလို့ တောင်သူတွေအနေနဲ့ အခြောက်လှန်း အိတ်သွတ်ပြီး အိမ်တွေမှာ ဒီအတိုင်းပဲသိမ်းထားရတယ်ဟု ရဲကုန်းကျေးရွာအုပ်စု၊ ဇီးဖြူတန်းကျေးရွာနေ တောင်သူ ဦးသိန်းလွင်က ပြောသည်။

ပြောင်းစိုက်ပျိုးသည့် တောင်သူများသည် ပြောင်းအပင်နှင့် အစေ့ချွေပြီးဖူးတိုင်အား အခြောက် လှမ်းကာ စဖိုချောင်မီးဖိုအတွက် ထင်းအဖြစ်လည်ကောင်း၊ ပြောင်းအခွံရွက်ခြောက်အား ဆေးလိပ် အစီခံအဖြစ်လည်းကောင်း ပြန်လည်ရောင်းချမှုများရှိနေရာ တစ်ဧကထွက်နှုန်း ပုံမှန်ထက် လျော့ကျသည့် တိုင် အပိုဝင်ငွေဖြင့် ပြန်လည်ဖြည့်တင်းနိုင်ခြင်းကြောင့် အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ဆု(ပြန်/ဆက်)