ရေတာရှည် စက်တင်ဘာ ၁၅
ရေတာရှည်မြို့နယ်အတွင်းရှိ မျိုးစပါးမျိုးစေ့ထုတ်တောင်သူများအား စိုက်ပျိုးရေးဦးစီး ဌာနမှ Covid-19 ကာလ စီးပွားရေးကုသမှုအစီအစဉ် CERP အရ ဒုတိယအကြိမ်ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို စက်တင်ဘာ ၁၄ ရက်နေ့ နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် တောင်ငူခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမြတ်မင်းထွေး က ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ကမ္ဘာနှင့်အဝှမ်းစီးပွားရေးအရ ထိခိုက်ခံစားရမှုများရှိနေပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အနေဖြင့် စိုက် ပျိုးရေးကဏ္ဍအတွက် စီးပွားရေးကုစားမှုအစီအစဥ်ဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်း မျိုးစေ့ထုတ် တောင်သူများအားထောက်ပံ့ရာ၌ တောင်ငူခရိုင် တွင် ၃၁၄၁ ဧကရှိပြီး ရေတာရှည်မြို့နယ်တွင် ဧက ၄၀၀ ရှိပါကြောင်း၊ ယခုကဲ့သို့ ထောက်ပံ့မှုများရရှိသော တောင်သူများအနေဖြင့်လည်း ဌာန၏ရည် မှန်းချက်များကို ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်မှ ထားရှိသည့်စေတနာများကို အသိအမှတ်ပြုရာ ရောက်မည် ဖြစ်ကြောင်းရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်ဦးစီးမှူး ဦးနေလင်းဇော်က ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့် ပါတ်သက်၍ ရှင်း လင်းပြောကြားခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်အောင် မှ ဒုတိယအကြိမ် ထောက်ပံ့ငွေ ကျပ် ၂၆၀ သိန်းအား မျိုးစေ့ထုတ်တောင်သူများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆု (ပြန်/ဆက်)