ကျိုင်းတုံ စက်တင်ဘာ ၁၅
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက် အလှူငွေနှင့် နှာခေါင်းစည်းများ လှူဒါန်းပွဲကို ယနေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ပြုလုပ်သည်။
လှူဒါန်းပေးအပ်ရာတွင် ခရိုင်လူမှုဝန်ထမ်းရုံး၊ အမှတ်(၁၈)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(ကျိုင်းတုံ) နှင့် မော်ကွမ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့တို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရန်အတွက် အလှူငွေကျပ်(၁၀)သိန်း၊ Mask (၅၀၀)ခု၊ Quarantine Center အတွက် ငွေကျပ် (၃၀၀၀၀)အား ကျိုင်းတုံမြို့နယ် ကိုဗစ်-၁၉ ရန်ပုံငွေရှာဖွေရေးနှင့် ထိန်းသိမ်းရေးကော်မတီထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)